မူဆယ်ခရိုင် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်ခရိုင် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ  ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွား လာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ မူဆယ်ခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဦးသန်းဇော်ဦးက  စာရေးဆရာ လူထုစိန်ဝင်း၏ လူငယ်တွေကိုယုံပါ စာအုပ်များအနက် “ကိုယ့်ခတ်သူ့ ခတ်သိဖို့လိုတယ်” အကြောင်းအရာကိုလည်းကောင်း၊  ဒေါ်ဇင်မာဖြိုးမှ  “ကိုယ်တာဝန် ကိုယ်ကျေဖို့လိုတယ်” အကြောင်းအရာကိုလည်းကောင်း၊ ဒေါ်ဇာဖြိုးလွင်မှ  “အလုပ်နှင့် ဂုဏ်” အကြောင်းအရာကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး  စာဖတ်ဝိုင်း တက်ရောက်ဦးရေ (၇) ဦးရှိကြောင်း သိရသည်။

သတင်း - ချယ်ရီမြေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)