တံတားဦးမြို့နယ်တွင် Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ



MNP - ဧပြီ  ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများနှင့် ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည် ။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလိုကြောင်း  ပြောကြားပြီး   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းအားဖြင့် ဗဟုသုတများတိုးပွား ကြွယ်ဝလာစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အလိမ္မာစာမှာရှိသည့် ဆိုရိုးအတိုင်းပညာတတ်များဖြစ်အောင် အားလပ်ချိန်များတွင် စာအုပ်စာစောင်များ ဖတ်ရှုစေလိုကြောင်း၊ အားလပ်ချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေး လာရောက်ပြီးစာအုပ်စာပေများ အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အလက- မြို့မ ကျောင်းသား‌ကျောင်းသူများက မိမိတို့လေ့လာ မှတ်သားထားသော  ရုပ်ပုံများကို ဆေးရောင်များဖြင့် ခြယ်သကြရာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ၊ ပြပွဲ ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း- ဦးရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)