လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြားလျက်ရှိ

 



MNP -  ဧပြီ    ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် Book Clubအ ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား/သူများ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ အရောင်များ၏ ဆက်စပ်မှုများကို သိရှိစေရန်နှင့် အခြေခံပန်းချီရေးဆွဲနည်းပညာအား သိရှိစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံပန်းချီသင်တန်း ဒုတိယနေ့ကို ယနေ့နံနက် (၉)နာရီမှ(၁၂)နာရီအထိ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းချီသင်တန်း ဒုတိယနေ့တွင် ပန်းချီဆရာဦးသက်ဦးက သစ်သီးပုံပန်းချီရေးဆွဲနည်း၊ အရာဝတ္ထုမူပုံရေးဆွဲခြင်း၊ လူပုံရေးဆွဲခြင်း၊ ကာလာအသုံးပြုနည်း၊တို့ကို အသေးစိတ်သင်ကြားပို့ချ‌ပေးပြီး သင်တန်းသို့တက်ရောက်လာသော ကျောင်းသား/ သူများက စိတ်ဝင်စားစွာ သင်ကြားကြောင်း သိရသည်။

ထို့နောက် ပန်းချီပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ ကျောင်းသား/သူ(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပန်းချီဆရာ ဦးသက်ဦးအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကြောင်း သိရှိရသည်။

သတင်း - အးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)