ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

MNP - ဧပြီ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ၊ ဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ” စာအုပ်ပါအ‌‌ကြောင်းအရာများအား စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ (Book Club)အဖွဲ့ဝင် ဦးအုန်းထွန်းက ဆရာ‌အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ဟောပြောချက်‌ဆောင်းပါးအကြောင်းအရာများ၊ အမေး၊ အဖြေ ဆောင်းပါးများ၊ (Book Club)အဖွဲ့ဝင် ဦးနေဘိုအောင်က ဗေဒင်နှင့်ဘဝရည်မှန်းချက် ဆောင်းပါးအကြောင်းအရာများနှင့် (Book Club)အဖွဲ့ဝင်များက စာအုပ်ပါ ဆောင်းပါးခေါင်းစဉ် (၄)ခုအကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်‌ဆွေးနွေးခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းသို့ ဒေသခံ စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်(၁၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ စာပေဗဟုသုတများ ရရှိ‌စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိနိုင်ရန် ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးမှုများ အဆက်မပြတ် ဆောင်ရွက်ပေးခြင်း၊ စာပေဗဟုသုတရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပြင် စာပေချစ်သူများအဖွဲ့(Book Club)၊ လူငယ်များအတွက် အသိပညာ အတတ်ပညာ ဗဟုသုတရှာမှီးနိုင်ရန် လူငယ်အသင်းအဖွဲ့ (Youth Club)၊ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေး၊ အသိပညာ ဗဟုသုတ အခွင့်အလမ်းကောင်းများ ရရှိလာနိုင်စေရန် (Women Club) အသင်းအဖွဲ့များ အစရှိသည့် အသင်းအဖွဲ့များဖွဲ့စည်း၍ ဒေသခံပြည်သူများ၏ အသိပညာဗဟုသုတ ရရှိစေနိုင်မည့် အကျိုးပြုလုပ်ငန်းများကို လူထုအခြေပြုဗဟိုဌာန၌ အဆက်မပြတ် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)