မင်္ဂလာဒုံမြို့နယ် Community Centre လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးများအတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ် Community Centre လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးများအတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး



MNP - ဧပြီ   ၂၅

ကလေးများ ကာယ၊ဉာဏစွမ်းရည်များ တိုးတက်လာစေမည့် စာပေဖတ်ရှုလေ့လာရန်၊ ဆွေးနွေးပြောဆိုတတ်ရန် အားကစားလေ့လာ လိုက်စားလာစေရန်၊ အသင်းအဖွဲနှင့် ပူးပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖြတ်ထိုးဉာဏ် ကောင်းမွန်စေရန်တို့အတွက် ရည်ရွယ် ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။

 ကာယ၊ ဉာဏပြိုင်ပွဲများမှာ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်၊ စကားထာဉာဏ်စမ်း၊ ပူစီဖောင်းမှုတ်ဖောက်ခြင်းနှင့် ဘိုးလင်းကစားခြင်းတို့ ဖြစ်ပြီး အခြေခံပညာကျောင်းသား ကျောင်းသူ စာဖတ် ပရိတ်သတ် (၁၀)ဦး ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းလည်း သိရသည်။

 ပြိုင်ပွဲများကို မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် မြို့နယ်ဦးစီးမှူး ဒေါ်ဆုလှိုင်နှင့် ဝန်ထမ်း များက ပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များစာပေဖတ်ရှုလေ့လာ၍ စဉ်းစားတွေးခေါ်မှုများ မှန်ကန်ရင့်သန်လာစေရေးအတွက် မြို့နယ်ဦးစီးမှူးက ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)