သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူး ထုတ်လွှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူး ထုတ်လွှင့်



MNP - ဧပြီ   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် နှင့် ဘက်စုံထူး ချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ် လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ဆောင်ရွက် ခဲ့သည်။

ထိုသို့ လူငယ်များကျန်းမာကြံ့ခိုင်စေရန်အတွက် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ လေးများမှ  Physical Fitness  Dance ကိုယ်လက်လှုပ်ရှား အားကစားဖြင့် ဒေသခံပြည်သူများ လိုက်ပါဆောင်ရွက်နိုင်ရေး သရုပ်ပြရိုက်ကူးခဲ့သည်။ အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်မှ ဒေသတွင်းနေ ထိုင်ကြသော လူငယ်များမှ ကျန်းမာရေးတွင် စိတ်ပါဝင် စားရေးပြီး နိုင်ငံတော်တွင် ကျန်းမာ သန်စွမ်းသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များ အနေဖြင့် မူးယစ်စေသော ဆေးဝါးများ သုံးစွဲခြင်း မှကာကွယ်ရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များကို သိန္နီမြို့နယ် we love  Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင်လွှင့်တင်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုထံမှ   သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)