သဲကုန်းမြို့နယ်တွင် နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ





MNP - ဧပြီ  ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့နယ် ဧပြီလ ၄ ရက်နေ့မှစ၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းရန် (၁၆၃၇၇၁)ကတ်ရှိပြီး၊ ယမန်နေ့အထိ (၁၄၀၃၀)ကတ်ပြီးစီးပြီဖြစ်ကြောင်းနှင့် စာရေးရေးသွင်းမှုကို  ဌာနဆိုင်ရာဝန်ထမ်းများ၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ စုစုပေါင်း ဝန်ထမ်းအင်အား (၁၉)ဦးဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာရင်းရေးသွင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွဋ်၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းတို့မှ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)