MNP - ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေးလျက်ရှိရာ၊ ယနေ့အထိ စုစုပေါင်း (၅၈၅)အား ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ မြို့ပေါ် (၄)ရပ်ကွက်ဖြစ်သော အောင်ဆန်း၊ တေဇ၊ ပင်လုံ၊ မြဝတီရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို ထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ တိုက်နယ်များဖြစ်သော အထောင်၊ မြို့မ၊ အင်းရဲ၊ ရေစခန်း၊ ဒိုက်ပျက်၊ စသည့် တိုက်နယ်များတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာန/ဌာနခွဲ အသီးသီးတို့တွင် ဖြန့်ကျက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုကာကွယ် ဆေးထိုးနှံပြီးသူများသည် မေလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ဆေးထိုးရန် ကျန်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကိုလည်း ကာကွယ်ဆေးများ ဆက်လက် ထိုနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - လပြည့်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment