လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေး



MNP  -  ဧပြီ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့မရဲစခန်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့ဝင် (၁၅) ဦးနှင့် မိသားစုဝင် (၂၅) တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)