မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေးကျေးရွာ ဧက(၁၀၀)စံပြကွက် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေးကျေးရွာ ဧက(၁၀၀)စံပြကွက် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး



MNP -  ဧပြီ   ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေးကျေးရွာ ဧက(၁၀၀)စံပြကွက် တင်း(၁၂၀)တင်းနှင့် အထက် ထွက်ရှိရေး ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝက္ကသေးကျေးရွာအုပ်စုကွင်း အမှတ် ၂၆၀၀ တောင်သူ ဦး‌ဇေယျာဦးနှင့် ဦးမျိုးမင်းထွန်း တို့၏ စိုက်နည်းစနစ် စမ်းသပ်လယ်ကွက်များအနီး ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုး‌အေးက နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသော ဧက(၁၀၀) စံပြစိုက်ခင်းတွင် တင်း (၁၂၀) တင်းနှင့် အထက် ထွက်ရှိရေး ဆောင်ရွက်ထားရှိခြင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော တောင်သူကြီးများက သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော တောင်သူ ၅၇ ဦးတို့ကို ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နွေစပါးဧက (၁၀၀) စံပြစိုက်ကွက်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ရန်ပယ် ရေလှောင်တမံသို့ ရောက်ရှိကာ နွေစပါးအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်‌ရေးအတွက် အောင်ရေများ အခက်အခဲမရှိ လုံ‌လောက်စွာ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ရန်ပယ်‌ရေလှောင်တမံ ဆည်ရေဖြင့်‌ နွေစပါးဧက ၉၀၀ စိုက်ပျိုးရန် လျာထားခဲ့သော် လည်း ဧက ၁၁၃၀ အထိ နွေစပါးများ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)