ဟိုင်းကြီးကျွန်းမြို့တွင် e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းအား ကြီးကြပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းအား ကြီးကြပ်ဆောင်ရွက်

 


MNP - ဧပြီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်းများကို ယနေ့နံနက ၇ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ငပုတောမြို့နယ်ဦးစီးအရာရှိ ဦးမောင်မောင်လွင် နှင့်အဖွဲ့များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၏ e-IDစနစ်၊ Excel Formatဖြင့် နိုင်-၄ မှတ်တမ်းများအား ဌာနဆိုင်ရာဝန်ထမ်း (၂၆)ဦး၊ ကွန်ပျူတာ(၁၃)လုံးဖြင့် စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - လှိုင်မျိုးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)