ကန်ကြီးထောင့်မြို့နယ်ရှိ လူဦးရေနှစ်သိန်း‌ကျော်အား e-ID စနစ်ဖြင့် နိုင်-၄ မှတ်တမ်းများ ဖြည့်သွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်ရှိ လူဦးရေနှစ်သိန်း‌ကျော်အား e-ID စနစ်ဖြင့် နိုင်-၄ မှတ်တမ်းများ ဖြည့်သွင်း



MNP - ဧပြီ   ၂၆    

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ လူဦးရေ ၂၃၇၁၃၅ ဦး၏ နိုင်-၄ မှတ်တမ်း များအား ဆော့ဝဲလ်ဖြင့် စိစစ်၊ ပြင်ဆင်၊ အချက်အလက်များ ‌ရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှစ၍ အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ်၌ e-ID စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ e-ID စနစ်ဖြင့် နိုင်-၄ မှတ်တမ်းများ ဖြည့်သွင်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင် တို့က ကြပ်မတ်စစ်ဆေးခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို လက်ရှိ၌  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း ၁၀ ဦးနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃ ဦးတို့က ရက်ပေါင်း ၆၀ အတွင်း ဝန်ထမ်း ၁ ဦးလျှင် တစ်နေ့ လူဦးရေ ၃၀၀ နှုန်းဖြင့် ဖြည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)