တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်၊ နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်၊ နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှုအားပေး



MNP -  ဧပြီ   ၂၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးတို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများမှ နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာနည်းပညာ E.IDစနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှုအားပေးရာတွင် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းခရိုင်ဦးစီးမှူး ၊ဒုတိယညွှန်ကြားရေးမှူး ဦးဇင်ထက်နှင့် တာဝန်ရှိသူများက နိုင်-၄ မှတ်တမ်းများအား Excel Format စာရင်း ရေးသွင်းနေမှုအခြေအနေနှင့် ဆက်လက် ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ စာရင်းရေးသွင်းလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ယခုလာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မဲစာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်း မပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများ၏ တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းခြင်းဖြစ်၍ ဂရုတစိုက် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဲစာရင်းတွင် မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် မဲစာရင်းတွင် နိုင်ငံသားနံပါတ်များ အပေါက်မဖြစ်စေရေးတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာနည်းပညာသုံး E.IDစနစ်ဖြင့် Excel Format ထည့်သွင်းလျက်ရှိရာ ခမောက်ကြီးမြို့ အပါအဝင် ကော့သောင်း မြို့နယ်အနေဖြင့် နိုင်-၄မှတ်တမ်းရေးသွင်းရန် လူဦးရေ စုစုပေါင်း (၁၅၅၅၇၈)ဦးရှိရာ စာရင်းရေးသွင်းပြီးစီးမှုအနေဖြင့် (၄၄၅၂၄)ဦးဖြစ်သဖြင့် ပြီးစီးမှုရာခိုင်နှုန်း(၂၄.၄၅%)ရှိပြီဖြစ်ကြောင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ကရသူရိမြို့များ အပါအဝင်ဘုတ်ပြင်းမြို့နယ်အနေဖြင့်  စာရင်း ရေးသွင်းရန် လူဦးရေ စုစုပေါင်း (၈၁၅၇၁)ဦးရှိရာ (၂၆၇၅၃)ဦး စာရင်းရေးသွင်းပြီးဖြစ်သဖြင့် ပြီးစီးမှုရာခိုင်နှုန်း (၃၂.၇၉%) ရှိပြီဖြစ်ကြောင်း ၊ ကော့သောင်းတစ်ခရိုင်လုံးအနေဖြင့် စာရင်းရေးသွင်းရန်လူဦးရေ (၂၃၇၁၄၉)ဦး ဖြစ်ရာ လူဦးရေ(၇၁၂၇၇)ဦးအား စာရင်းရေးသွင်းပြီးဖြစ်သဖြင့် ပြီးစီးမှုရာခိုင်နှုန်း(၃၀.၀၅%)ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကျော်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)