မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံ၌ ကျင်းပပြုလုပ်သည့် အကျိုးပြု အဏုဇီဝ(EM) နည်းပညာဆိုင်ရာ မွန်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံ၌ ကျင်းပပြုလုပ်သည့် အကျိုးပြု အဏုဇီဝ(EM) နည်းပညာဆိုင်ရာ မွန်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်



MNP - ဧပြီ    ၂၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံတွင်  ကျင်းပပြုလုပ်သည့် အကျိုးပြု အဏုဇီဝ (EM)နည်းပညာဆိုင်ရာ မွန်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၇ ရက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဌာနမှ သင်တန်းသားများနှင့် ဒေသခံတောင်သူ သင်တန်းသားများ တက်ရောက် ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ ရေမြေ ရာသီနဲ့ကိုက်ညီတဲ့ ဈေးကွက်ဝင် သီးနှံများအား ရွေးချယ်စိုက်ပျိုး၍  ထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် အရည်အသွေး ကောင်းမွန်သော လယ်ယာသီးနှံထွက်ကုန်များ ထုတ်လုပ်၍ ဒေသစားသုံးမှု ဖူလုံရေးအပြင်ပိုလျှံ သီးနှံများ ဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံထုတ်ကုန် အရည်အသွေး ကောင်းမွန်ရေး၊ မျှော်မှန်းအထွက်နှုန်း ရရှိရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေးအတွက် သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ( Good Agriculture Practice-GAP)ကို လက်တွေ့သိမြင် လိုက်နာကျင့်သုံးရေးအတွက် သီးနှံစံပြကွက်၊ စမ်းသပ်ကွက်များပြုလုပ်၍ ကွင်းပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ ဘက်စုံပိုးမွှား ရောဂါကာကွယ်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကျိုးဆောင် တောင်သူများ ရွေးချယ်၍ ဌာနနှင့် ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊   ထိုသို့ ဆောင်ရွက်ရာမှာ နည်းပညာနှင့် သွင်းအားစုများကို အပြည့်အဝ အသုံးပြု ဆောင်ရွက်ရမှာဖြစ်ပြီး၊ လက်ရှိ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်မားမှုအရ  သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရမှာဖြစ်ကြောင်း၊ သဘာဝ မြေဩဇာအသုံးပြုခြင်းဖြင့် တောင်သူများ၏ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့ချပေးနိုင်မည့်အပြင် လယ်ယာမြေများ၏ မြေဆီ ဩဇာဓါတ်နှင့် မြေဆီလွှာဖွဲ့စည်းမှုများကို ရေရှည်အသုံးပြု ထိန်းသိမ်းထားပေးနိုင်မှာဖြစ်ကြောင်း၊ မြေတစ်ဧကမှ စိုက်ပျိုးရာသီ တစ်နှစ်အတွင်း သီးထပ်သီးညှပ်များ စိုက်ပျိုးရာတွင်လည်း သီးနှံများ၏ အထွက်နှုန်း တည်ငြိမ်/တိုးတက်နေဘို့  ဩဂဲနစ်ဓါတ်ကြွယ်ဝသည့် သဘာဝ မြေဩဇာများ မဖြစ်မနေ ထုတ်လုပ်သုံးစွဲ ကြရန်လိုအပ်၍ ယခုလို သဘာဝမြေဩဇာ ပြုလုပ် သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ သဘာဝမြေဩဇာဆိုတာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက် ပစ္စည်းများကို ဆွေးမြေ့စေပြီး၊ ပြုပြင်စီမံ၍ ရလာသော ပစ္စည်းများဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျော့နည်းသက်သာ စေမှာဖြစ်ကြောင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲ ခြင်းဖြင့် မြေဆီလွှာ ထက်သန်စေရန်လိုအပ်သော ဩဂဲနစ်ပစ္စည်းများကို ဖြည့်ဆီး ပေးနိုင်ခြင်း၊ အပင်အတွက် လိုအပ်သော အဟာရဓါတ်များကိုလည်း လိုအပ်သလို ထောက်ပံ့ပေးနိုင်ခြင်း၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်စေခြင်း၊ သဘာဝပတ်ဝန်းကျင်အား ဆိုးကျိုးနှင့် ညစ်ညမ်းမှုများ မဖြစ်ပေါ်ခြင်း၊ သီးနှံပင်အမြစ်များအတွက် လေဝင်လေထွက် ကောင်းစေခြင်း၊ စေးသောမြေကို ဖွယ်၍၊ဖွယ်သောမြေကိုစေးစေခြင်း၊ မြေဆီလွှာအတွင်း အစိုဓါတ်ကို ထိန်းသိမ်း ထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် တက်ရောက်လာတဲ့ တောင်သူများ၊  စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် တောင်သူ့ နယ်ပယ်မှာ လက်တွေ့ ကျကျ ကျယ်ပြန့်စွာ အသုံးချနိုင်ရေး နည်းပညာများဆက်လက် ဖြန့်ဝေကြရမှာဖြစ်ပါကြောင်း၊ မိမိဒေသ တောင်သူများ ကိုလည်း မိမိတို့ရရှိလာတဲ့ နည်းပညာများကို မျှဝေကြပြီး အရည်အသွေး ကောင်းတဲ့ သီးနှံထွက်ကုန်များ ဒေသတွင်း ထုတ်လုပ်လာနိုင်အောင် အချင်းချင်းအသိပညာ ဗဟုသုတများ ဖလှယ်ဆောင်ရွက်ကြပြီး မိမိတို့ရဲ့ ကျေးလက်ဒေသ လူမှုစီးပွား မြင့်မားအောင် ဆောင်ရွက်ပေးကြဘို့ မှာကြားလိုကြောင်းဖြင့်  ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်မြင့်မြင့်မေက (EM)နည်းပညာ အကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတွင် သင်ကြားပို့ချမည့် EM အမျိုးမျိုးဖျော်စပ်နည်း၊ ဘိုကာရှိ အမျိုးမျိုးပြုလုပ် သုံးစွဲနည်း ဆိုင်ရာများအား လှည့်လည် ကြည့်ရှုရာ သင်တန်းနည်းပြဆရာမ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မြင့်မြင့်မေက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အကျိုးပြု အဏုဇီဝ(EM) နည်းပညာဆိုင်ရာ မွန်းမံသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၂၃)ဦး၊ ဒေသခံတောင်သူ(၂၀)ဦး စုစုပေါင်း(၄၃)ဦးတို့ တက်ရောက်ကာ၊ EM အမျိုးမျိုး ဖျော်စပ် နည်းနှင့် အသုံးပြုနည်းများ၊ ဘိုကာရှိ အမျိုးမျိုး ပြုလုပ်သုံးစွဲနည်းနှင့် ငါးအမိုင်နို အက်ဆစ် ပြုလုပ် သုံးစွဲနည်းများကို စာတွေ့ လက်တွေ့နှင့် သြဂဲနစ်သီနှံများ စိုက်ပျိုး ထုတ်လုပ် ခြင်း ဆိုင်ရာဘာသာရပ်များကို (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်ညီညာ         

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)