MNP - ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အကျိုးပြု အဏုဇီဝ (EM)နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနှင့် မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းသိရကာ သင်တန်းတွင် EM အမျိုးမျိုး ဖျော်စပ်နည်းနှင့် သုံးစွဲနည်းစနစ်များ၊ ဘိုကာရှိ(Bokashi) အမျိုးမျိုး ပြုလုပ်သုံးစွဲနည်းများ၊ ငါးအမိုင်နိုအက်ဆစ် ပြုလုပ် သုံးစွဲနည်းများကို ဧပြီ ၂၇ ရက်နေ့မှ ၂၈ ရက်အထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို မင်းဘူးခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၂၀ ဦးနှင့် ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူ ၂၄ ဦး၊ စုစုပေါင်း သင်တန်းသား ၄၄ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment