ယူရီးယားအပါအဝင် လိုအပ်သည့် မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူရီးယားအပါအဝင် လိုအပ်သည့် မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြောကြား


MNP ၊ ဧပြီ ၂၉

တောင်သူလယ်သမားများ၏ မိုးစပါးရာသီအမီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ယန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဦးဆောင်ကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားအပါအဝင် လိုအပ်သည့် မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ပြည်ပဈေးကွက်မှာ တည်ငြိမ်နေသည်ဟု ယူဆနိုင်ပါကြောင်း၊ နိုင်ငံခြားငွေကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံဘက်မှ ခွင့်ပြုချက်မရမီ အချိန်အတွင်း Consortium အဖွဲ့အနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းပေးနိုင်မည့် မြေဩဇာများရှိပါက ရရှိနိုင်မည့်တန်ချိန်နှင့် မိုးစပါးအမီ ဝယ်ယူတင်သွင်းနိုင်ရေးနှင့် မတင်သွင်းမီ ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ ယူရီးယားမြေဩဇာများ အချိန်မီဖြန့်ဖြူးနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ Consortium အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက အခြားနိုင်ငံများမှ တင်သွင်းပေးနိုင်မည့် မြေဩဇာများ၏ ဈေးနှုန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက တင်သွင်းဖြန့်ဖြူးရောင်းချပေးမည့် မြေဩဇာများကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသုံးပြုသွားမည့် အစီအစဉ်များကို လည်းကောင်း၊ တက်ရောက်လာကြသော ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဦးဆောင်ကော်မတီ၏ ဦးတည်ချက်မှာ ဓာတ်မြေဩဇာများ တောင်သူများလက်ဝယ် လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် သက်သာအောင် ရရှိရေးဆောင်ရွက်ပေးရန်နှင့် တောင်သူများ လက်ဝယ် စိုက်ပျိုးရာသီအချိန်မီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ ဝန်ကြီးဌာနများအကြား လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လွယ်ကူမြန်ဆန်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)