ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သင်ရိုးသစ် Grade 5 ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်း နောက်ဆုံးနေ့ ဆက်လက်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သင်ရိုးသစ် Grade 5 ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်း နောက်ဆုံးနေ့ ဆက်လက်ပို့ချ





MNP ၊ ဧပြီ ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီလ ၂၂ ရက်နေ့ မှစပြီး ပညာရေးဝန်ကြီးဌာနပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ  Training of Trainor (TOT) Online သင်တန်း နောက်ဆုံးနေ့ ဆက်လက်ပို့ချသည်။

ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာမများက သင်ရိုးသစ် Grade 5 သင်္ချာ ဘာသာရပ် နှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများအား လက်တွေ့သင်ကြားရမည့်အချက်များဆွေးနွေးပို့ချသည်။

အဆိုပါသင်တန်းကို ဧပြီ ၂၅ ရက်အထိ ပို့ချမည်ဖြစ်ရာ၊  ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလ တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ စုစုပေါင်း(၅၈)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးထံ မှသိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)