တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=10 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=10 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ



MNP - ဧပြီ   ၂၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မတ်လအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=10 အထိ စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်(၆)နာရီမှ စတင်၍  အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည် ။

တံတားဦးမြို့နယ်အတွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်း ၊ စုစုပေါင်း(၁၃၀)ကျောင်းရှိပြီး မူလတန်းကျောင်းသား ၊ ကျောင်းသူ (၈၁၀၀) ဦး ၊ အလယ်တန်းကျောင်းသား ၊ ကျောင်းသူပေါင်း(၃၁၃၈)ဦး အထက်တန်းကျောင်းသား ၊ ကျောင်းသူပေါင်း(၃၉၈)ဦး  စုစုပေါင်း(၁၁၆၃၆)ဦး အားလုံးတို့အား စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ကျောင်းသား ၊  ကျောင်းသူများ ၊ မိဘအုပ်ထိန်းသူများက မိမိတို့ အမည် ပါ ၊ မပါ ၊ မိဘအုပ်ထိန်းသူများက မိမိတို့ သား ၊ သမီး အမည်ပါ ၊ မပါ လာရောက်ကြည့်ရှုကြကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ဦးရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)