ကျိုင်းတုံမြို့၌ အင်္ဂလိပ်စာ Grammar / Speaking အခမဲ့သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ အင်္ဂလိပ်စာ Grammar / Speaking အခမဲ့သင်တန်းဖွင့်



MNP  -  ဧပြီ     ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အင်္ဂလိပ်စာ Grammar / Speaking  အခမဲ့သင်တန်းကို ဧပြီ ၂၂ ရက်က ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက နွေရာသီကာလ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အင်္ဂလိပ်စာ စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဧည့်လမ်းညွှန် အသင်းဝင် ဦးမျိုးအောင်က အင်္ဂလိပ်စာ Grammar နှင့် Speaking  ဘာသာရပ်များကို  အသေးစိတ်သင်ကြားပို့ချသည်။

အဆိုပါအခမဲ့သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး ဧပြီ ၂၂ ရက်မှ ၂၄ ရက်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)