ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 


MNP -  ဧပြီ    ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်း၌ လွိုင်ကော်တပ်နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေး အဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ ကျောင်းအဆောက် အဦရှိ စာသင်ခန်းများနှင့် ပြန်လည်ပြုပြင်ပေးရမည့် အဆောက်အဦများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ် (GTC)ကျောင်း ပြန်လည်ဖွင့်လှစ်မည့် မေလ ၁၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် သင်ကြားရေးအထောက်အကူပစ္စည်းများ၊ စာသင် ခန်းမများ၊ အိပ်ဆောင်များနှင့် စားသောက်ခန်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သင်ကြားရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး နည်းပညာတက္ကသိုလ် (GTC)ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်းသိရသည်။

သတင်း - ကိုဇင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)