သုံးခွမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ဒုတိယအကြိမ် (HPV) ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ဒုတိယအကြိမ် (HPV) ကာကွယ်ဆေးထိုးနှံပေး



MNP -  ဧပြီ   ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေး ငယ်များအား (HPV)  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်ကမိခင်နှင့်က‌ လေးကျန်းမာရေးဌာနတွင်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ (HPV) ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စာရင်းကောက်ယူထားသည့် အသက် (၉)နှစ်မှ (၁၀) နှစ် အတွင်းရှိ မိန်းကလေးငယ်များအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ သားအိမ် ခေါင်းကင်ဆာအများစုသည် (HPV) ပိုးကြောင့်ဖြစ်ပြီး (HPV) ပိုးအမျိုးအစား (၁၆) နှင့် (၁၈) ပိုးများက သားအိမ်ခေါင်းကင်ဆာ အားလုံး၏ (၇၀) ရာခိုင်နှုန်း ဖြစ်ပွား ကြောင်း စသည်ဖြင့် အသိပညာပေးခဲ့ပြီး ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

ယင်းကာကွယ်ဆေးကို မိန်းကလေးငယ်များတစ်နှစ်ခြား (၂)ကြိမ် စောလျင်စွာ ထိုးနှံပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့်အခွင့် အလမ်းဖြစ်ပြီး  စာရင်းကောက် ယူထားသော မိန်းကလေးငယ်များ မကျန်ရှိစေရေးအတွက်  စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

သတင်း - စည်သူလင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)