ပခုက္ကူတက္ကသိုလ်၌ “International Girls in ICT Day” အထိမ်းအမှတ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ “International Girls in ICT Day” အထိမ်းအမှတ်စကားဝိုင်းကျင်းပ



MNP - ဧပြီ   ၂၉

အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှ ကြီးမှူးပြုလုပ်သော “International Girls in ICT Day” ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသော ဒီဂျစ်တယ်နည်းပညာများကြောင့် လူမှုစီးပွားဘဝများအပေါ် များစွာ အကျိုးသက်ရောက်မှုရှိလာကြောင်း၊ အိုင်စီတီကဏ္ဍများအတွက် နည်းပညာနှင့်ကျွမ်းကျင်မှု သင်တန်းများ ပံ့ပိုးပေးရေး၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ် (STEM) များတွင် အမျိုးသမီးငယ်များ တက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်လာစေရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက် သွယ်ရေးအဖွဲ့ချုပ် (ITU) က နှစ်စဉ် ဧပြီလ၏စတုတ္ထမြောက် (ကြာသပတေးနေ့) ကို “ International Girls in ICT Day” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍  ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်မိုးက ဦးဆောင်ဆွေးနွေးသူ အဖြစ် ပါဝင်ဆောင်ရွက်ပြီး တက္ကသိုလ်ဘာသာရပ်ဌာနများမှဆရာမ (၈) ဦးတို့က နေ့စဉ်လူ့ဘောင်ဘဝတွင် အိုင်စီတီနည်းပညာ၏ အရေးကြီးလာမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ အိုင်စီတီနည်းပညာကဏ္ဍများတွင် အမျိုးသမီးငယ်များ၏ ပါဝင်စွမ်းဆောင်နိုင်မှု များနှင့် အကျိုးရလဒ်များ၊ ဒီဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသော လူမှုကွန်ယက် ကောင်းတစ်ခုဖန်တီးနိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန် အချက်များစသည့် “အိုင်စီတီနှင့် အမျိုးသမီး များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးကြသည်။ ယင်းနောက် ပခုက္ကူ တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး) များက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ဆရာမများအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)