MNP - ဧပြီ ၂၉
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်/စာစောင်၊ ဆေးအိတ်၊ လက်သန့်ဆေးရည်နှင့် Mask ဘူးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးမြင့်သိန်းက စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ်များ ကိုဗစ်စည်းကမ်းများနှင့်အညီ အသုံးပြုနိုင်ရန် အတွက် လက်သန့်ဆေးရည်နှင့် Mask များလှူဒါန်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်/စာစောင်နှင့် လှူဒါန်းပစ္စည်းများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လက်ခံရယူပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ခင်စိမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment