သံတွဲမြို့၌ Mobil Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ငှါးရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ Mobil Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ငှါးရမ်းပေး



MNP ၊ ဧပြီ  ၂၁                                                                       

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ပြည်သူများ စာအုပ် စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟု သုတများ တိုးပွါးလာစေရေးအတွက် ဧပြီ၂၁ ရက်နေ့ နံနက် ၁၀ နာရီက Mobil Library မော်တော်ယာဉ်ဖြင့် ပြည့်ဝကျေးရွာသို့ သွားရောက်ပြီး  ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကို ငှါးရမ်း ပေးခဲ့သည်။

ထိုသို့ငှါးရမ်းရာတွင် ကျေးရွာနေပြည်သူများ အားရဝမ်းသာစွာဖြင့် MobilLibrary မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့သည်။

ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ငှါးပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ  စာအုပ်၊စာစောင်များကို လွယ်ကူစွာ ဖတ်ရှု့လေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွါးလာစေရေးတို့ အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

                                                                                                                                                       

သတင်း - မေမွန်ထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)