မေတ္တာမြို့တွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာမြို့တွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP ၊ ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ မေတ္တာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကိုယနေ့နံနက် (၁၀) နာရီအချိန်ကကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအနေဖြင့် ဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှား ပရိသတ်များအတွက် စာအုပ်/စာစောင်များ အလွယ်တကူ ငှားရမ်း ဖတ်ရှုနိုင်ရေး ရည်ရွယ်ပြီး နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ထွေ/အုပ်ဝန်ထမ်းများအား အသင်းဝင်ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ စာဖတ်ပရိတ်သတ် အကြိုက်စာအုပ်များ ငှားရမ်းပေးခြင်းများကို အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ စာဖတ်ပရိတ်သတ် ကြိုက်နှစ်သက်သည့် စာအုပ်များအား ရက်သတ္တပတ်လျှင် တစ်ကြိမ် သွားရောက် လဲလှယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးအေးချို ( မေတ္တာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)