MNP ၊ ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး ဝန်ထမ်းများက စာပေမှ အသိပညာတိုးလာစေရန်နှင့် စာဖတ်ပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်မားစေရေး Mobile Library စနစ်ဖြင့် ယနေ့၊ နေ့လည် ၂ နာရီအချိန်က ကျောက်ဖြူခရိုင်မီးသတ်ဦးဌာနသို့ သွားရောက်ပြီး သုတ၊ရသ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်ဦးဆောင်၍ ဝန်ထမ်း(၃)ဦးက ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှု အလေ့အထကောင်းများရရှိစေရေး သုတ၊ရသ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြများကို တစ်ပတ်ငှားစနစ်ဖြင့် ခရိုင်/ မြိုနယ် မီးသတ်တပ်ဖွဲ့ဝင်များအား စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် ငှားရမ်းခြင်းအား ကျောက်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာများသို့ သွားရောက်ကာ တစ်ပတ်ငှားစနစ်ဖြင့် စာအုပ်၊စာစောင်များ အလှည့်ကျငှားရမ်းပေးသွားဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှသိရသည်။
သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment