ပြည်ကြီးမဏ္ဍိုင်မြို့တွင်Mobile Libraryစနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့တွင်Mobile Libraryစနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်



ပြည်ကြီးမဏ္ဍိုင် ဧပြီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် Mobile  Library စနစ် ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနရုံးနှင့် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းသို့ သွားရောက်ငှားရမ်း ပေးခဲ့ပါသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားပေးရာတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး သုတနှင့် ရသစာအုပ်များဖြစ်သည့် ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ပြည်ကြီးမဏ္ဍိုင်မြို့ မီးသတ်ဦးစီးဌာနရုံးနှင့် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သတင်း - ကေခိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)