MNP - ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင် များကို ယနေ့ နေ့လယ်ပိုင်းက ရုံးဌာနများရှိရာ ခရိုင်စိုက်ပျိုးရေးရုံးသို့ သွားရောက်ဌားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးနှင့် ဝန်ထမ်းများက အလုပ်တာဝန်များဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ စာဖတ်ပရိသတ်များအတွက် ရုံးဌာနများသို့အရောက် Mobile Library စနစ်ဖြင့်သွားရောက်ဌားရမ်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာပေနှင့် အဆက်မပြတ်စေရန် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်ရှိရာ ပြည်သူများထံသို့ အရောက်သွား၍ ဌားရမ်းပေးနေကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment