တောင်ကုတ်မြို့နယ်၌ Mobile Team ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ Mobile Team ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံ



MNP - ဧပြီ   ၂၂

တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့်သူများနှင့် ဒုတိယ အကြိမ်ဆက်လက် ထိုးနှံရမည့်သူအား Mobile Team ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာမျာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် နဝမအသုတ်(ပထမအကြိမ်)တွင် ဂူတာရပ်ကွက်မှ(၇)ဦး၊ ချောင်းကောက် ရပ်ကွက်မှ(၅)၊ သိမ်တောင်ရပ်ကွက်မှ (၆)ဦး နှင့် ကံပိုင်ရပ်ကွက်မှ(၁၅)ဦး၊ သင်ချီကိုင်း ကျေးရွာမှ(၂၈)ဦး၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက်မှ(၂၆၀)၊ ဂျီဖြူတောင်ကျေးရွာအုပ်စုမှ(၅၀၀)ဦး၊ လက်ပန်ကျေးရွာအုပ်စုမှ(၂၄၉)ဦး၊ ဇနီကျေးရွာအုပ်စုမှ(၂၀၀)ဦး စုစုပေါင်း (၁၂၆၅)ဦးသို့ COVAXIN ဆေးကိုလည်းကောင်း၊ အဌမအသုတ် (ဒုတိယအကြိမ်)အဖြစ် ထိုးနှံရာတွင် ကိုင်းရှည်ကျေးရွာမှ (၁၆)ဦး၊ ဂူတာရပ်ကွက်မှ(၃၀)ဦး၊ ချောင်းကောက်ရပ်ကွက်မှ (၁၁)ဦး၊ သိမ်တောင် ရပ်ကွက်မှ (၅၆)ဦးနှင့် ကံပိုင်ရပ်ကွက်မှ (၄၀)ဦး နှင့်သင်ချီကိုင်း ရွာ(၂၁)ဦး စုစုပေါင်း (၁၅၈)သို့ Covishield ဆေးကိုလည်းကောင်း ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)