ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့် ထိုးနှံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့် ထိုးနှံဆောင်ရွက်









MNP ၊ ဧပြီ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဧပြီလအတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်ကော်မတီအဖွဲ့ဝင်များဦးဆောင်လမ်းညွန်မှုဖြင့် ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်း၍ ထိုးနှံဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်ရသေ့တောင် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန် ပျက်ကွက်နေသူများအား အိမ်တိုင်ရာရောက် ကောက်သင်းကောက်စနစ်ဖြင့်ထိုးနှံ ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းနှင့် မြို့နယ်ပြင်ပ ခရီးသွားလာရာတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ပါ/မပါ စစ်ဆေးခြင်းနှင့်  ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံဖူးကြောင်း စီစစ်တွေ့ရှိသူအား ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ကာကွယ်ဆေးအား မထိုးနှံလိုပါက RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်နမူနာရယူစစ်ဆေးသွားမည်ဖြစ်ပြီး ကျသင့် ကုန်ကျစရိတ်ကို ပေးသွင်းရမည်ဖြစ်ပါသည်။ RDT Test Kitဖြင့် စစ်ဆေး၍ Positive ထွက်ပါက Home Quarantine နေအိမ်တွင် (၁၀)ရက် အသွားအလာကန့်သတ်နေထိုင်ခြင်းကို လိုက်နာကြရမည်ဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ကို ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် (၄)နေရာဖြစ်သည့် စီမံကိန်းရုံးရှေ့၊ မြို့မရဲစခန်းရှေ့ ၊ သင်္ဘောဆိပ်၊ ရေချမ်းပြင်ဆိပ် များသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံသေးသူ မှန်သမျှတို့အားလိုက်လံ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

သတင်း -  ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)