ဖောင်းပြင်မြို့နယ်တွင် mobile စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့နယ်တွင် mobile စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ



MNP - ဧပြီ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများ အဆင်ပြေ စေရေးအတွက် ယခုလ ၁၈ရက်နေ့မှစတင်၍ ရပ်ကွက်များသို့ လှည့်လည်ကာ mobile စနစ်ဖြင့် ထိုးနှံပေးနေ ကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် အင်ကြင်းမြိုင်ရပ်ကွက်၊ ကျွန်းရွှေဝါရပ်ကွက်များ၌ ရွေ့လျားဆေးထိုး စုရပ်များ စီစဉ်ကာ ဆေးထိုးအဖွဲ့နှစ်ဖွဲ့ခွဲ၍ ထိုးနှံပေးပြီး ယခုလ ၁၈ရက်နေ့တွင် ၃၀၈ဦး၊ ၁၉ရက် နေ့တွင် ၂၉၇ဦး၊ ၂၀ရက်နေ့တွင် ၃၀၈ဦး၊ ၂၁ရက်နေ့တွင် ၃၁၉ဦး စုစုပေါင်း  ၁၂၃၂ဦး ထိုးနှံထားကြောင်း တစ်မြို့နယ်လုံး အနေဖြင့် ထိုးနှံလျာထား ၆၀၀၇၈ဦး ရှိကြောင်း သိရသည်။

သတင်း - ကိုထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)