ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မိုးကောင်းရတနာ မိခင်နှင့်ကလေး လူမှုဖူလုံရေးဆေးခန်း (ဘောက်ထော်)၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)နှင့် Moe Moe Family Vocational Training Center ၌ အထည်ချုပ်သင်တန်းဖွင့်လှစ်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မိုးကောင်းရတနာ မိခင်နှင့်ကလေး လူမှုဖူလုံရေးဆေးခန်း (ဘောက်ထော်)၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)နှင့် Moe Moe Family Vocational Training Center ၌ အထည်ချုပ်သင်တန်းဖွင့်လှစ်မှု ကြည့်ရှုစစ်ဆေး




MNP ၊ ဧပြီ ၅

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးခန်း (ဘောက်ထော်)သို့ရောက်ရှိကြပြီး ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးဝါးကုသပေးနေမှု၊ အတွင်းလူနာ ကုသဆောင်နှင့် လူမှုဖူလုံရေးအဖွဲ့အာမခံ အမျိုးသမီး အလုပ်သမားများအတွက် မီးဖွားမှုနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်အာမခံ အလုပ်သမားများအတွက် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်းတို့ဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားသည့်စနစ် Provider Purchase Split System (PPS) အရ ပုဂ္ဂလိကနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် Fee for Service Payment ဖြင့် စာချုပ်ဆေးခန်း (၁၁) ခန်းနှင့် Capitation Payment ဖြင့် စာချုပ်ဆေးခန်း (၁၄)ခန်းတို့ကို စာချုပ်ချုပ်ဆိုဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ဖွင့်လှစ်ထားသည့် စာချုပ်ဆေးခန်းများ၏ တည်နေရာများအား လူမှုဖူလုံရေးအဖွဲ့၏ Website (www.ssb.gov.mm) တွင် ကြေညာထားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)သို့ရောက်ရှိပြီး လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သင်တန်းကျောင်း ဖွင့်လှစ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်၍ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသောအသက် မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို ကာလတိုသင်တန်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ Focal အဖြစ် တာဝန်ယူဆောင်ရွက်သော မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority –NSSA)ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ "လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ Skilled Labour များအား လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ Certificate ထုတ်ပေးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပို့ချသည့် သင်တန်းသည် ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (ပထမ ၅ နှစ်စီမံချက်)အရ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်ယူမှုအခွင့်အလမ်းများ ရရှိနေချိန်တွင် သင်တန်းသားများအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိသားစုများ အကျိုးကျေးဇူးရရှိစေရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ရန် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျ ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ Moe Moe Family Vocational Training Center ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အထည်ချုပ်သင်တန်း ဖွင့်လှစ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျွမ်းကျင်မှုသင်တန်းများကို အရည်အသွေးပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် သင်တန်းကျောင်းအနေဖြင့် ပြင်ဆင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)