Myancopharm တစ်သန်း ကျန်းမာရေးဝန်ကြီးဌာနသို့ စတင်ပေးပို့သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Myancopharm တစ်သန်း ကျန်းမာရေးဝန်ကြီးဌာနသို့ စတင်ပေးပို့သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဖြေကြား

MNP၊ ဧပြီ ၂၆

Myanmcopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဧပြီလအတွင်း ကျန်းမာရေးဝန်ကြီးဌာနသို့ စတင်လွှဲပြောင်းပေးသွားမည်ဟူသော ထုတ်ပြန်ချက်အရ ဆက်သွယ်မေးမြန်းရာ (29.4.2022)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာနသို့ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒိုစ့်တစ်သန်းစတင်ပေးပို့သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဖြေကြားထားသည်။

Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာန(FDA)၏ ကာကွယ်ဆေးမှတ်တမ်းတင်ခြင်း ထောက်ခံစာ(Drug Notification Certificate)ကို (25.4.2022) ရရှိပြီးဖြစ်သဖြင့် (29.4.2022)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာနသို့ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒိုစ့်တစ်သန်း စတင်ပေးပို့သွားမည်ဖြစ်ကြောင်း ဖြေကြားထားခြင်းထားသည်။

Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးသည် တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)