ပုလောမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ် ၂ စီးအား မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိခဲ့သည်ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ် ၂ စီးအား မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိခဲ့သည်ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်






MNP ၊ ဧပြီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသည် တင်ယာဉ် ၂ စီးအား မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ယာဉ်မောင်း ဦးတေဇာအောင်(၃၈)နှစ်မောင်းနှင်လာသော ရန်ကုန်-မြိတ်-ထားဝယ် ပြေးဆွဲသည့် “ရတနာတိုး”ယာဉ်လိုင်းမှ ယာဉ်အမှတ် YGN-1Q/7611 ခရီးသည်တင် မှန်လုံယာဉ်သည် ရန်ကုန်မှ ထားဝယ်သို့ ထွက်ခွာလာစဉ် ပုလောမြို့နယ်၊ သစ်လှတောကျေးရွာ အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်နေ ဦးနေမင်းထွန်း (၄၂)နှစ်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နေ ဒေါ်ဝင်းဝင်းမော်(၅၂)နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နေ ဦးသက်ဇော်ဦး (၄၈)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပျံရေကျော်ကျေးရွာနေ ဦးဇာနည်နိုင်(၃၀)နှစ်၊ ပန်းတနော် မြို့နယ်၊ ကျုံတစ်ချောင်းကျေးရွာနေ ဦးအောင်အောင်ထက် (၂၈)နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာနေ ဒေါ်မီသူလွင်(၃၂)နှစ်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာနေ ဦးမြင့်စိုး(၃၇)နှစ်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာနေ ကိုအောင်လင်းထွေး (၁၉)နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဒေါ်စန်းစန်းမော် (၃၁)နှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်မိချို(၅၆)နှစ် (ဘ)ဦးဘိုနီ၊ ကွမ်းခြံကုန်းမြို့နယ်နေ ဦးရဲတင့်(၄၈)နှစ်နှင့် ယာဉ်မောင်း ဦးတေဇာအောင်တို့တွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ အဆိုပါအကြမ်းဖက်အဖွဲ့သည် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် အထက်ပါ အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ယာဉ်မောင်း ဦးဇော်မင်းဦး(၄၂)နှစ် မောင်းနှင်ပြီး ရန်ကုန်မှ ထားဝယ် သို့ ထွက်ခွာလာသည့် “ရွှေလီရတနာ” ယာဉ်လိုင်းမှ ယာဉ်အမှတ်(စိစစ်ဆဲ) ခရီးသည်တင်ယာဉ်အား ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်နေ ဦးဘိုဘိုဇော်(၂၉)နှစ်နှင့် ပုလောမြို့နယ်၊ လက္ကူးကျေးရွာနေ ဦးသန်းစိုး(၄၁)နှစ်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်နေ ဦးထင်အောင်(၃၇)နှစ်၊ မထွေးထွေးမာ(၃၄)နှစ်၊ သင်္ကန်းကျွန်းမြို့နယ်နေ ဒေါ်သန်းသန်းဝင်း(၃၉)နှစ်၊ ဦးသန်းဌေးအောင်(၄၇)နှစ်၊ ဦးကြည်သန်း (၄၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်နေ ဦးရဲထိုက်အောင်(၂၁)နှစ်၊ မြိတ်မြို့နယ်၊ မြိတ်တောင် ကျေးရွာနေ ဦးဝင်းကြည်(၇၄)နှစ်၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နေ ဦးဇော်မင်းလေး(၃၁)နှစ်၊ ဦးအောင်ကျော်သန်း(၄၅)နှစ်၊ ဦးမိုးကျော်ဟိန်း(၃၃)နှစ်၊ ဦးနေဝင်း(၃၅)နှစ်၊ ဦးမောင်သိန်းနု(၄၅)နှစ်၊ ဦးမောင်သိန်းလှိုင်(၂၇)နှစ်၊ အမ်းမြို့နယ်နေ ဦးဇော်ဇော်ဝင်း(၃၂)နှစ်၊ ဦးစံရှားအောင်(၄၂)နှစ်၊ မြောက်ဦးမြို့နယ်နေ ကိုနိုင်နိုင်(၂၃)နှစ်နှင့် ယာဉ်မောင်း ဦးဇော်မင်းဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များမှ သေဆုံး/ဒဏ်ရာရရှိသူများအား ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်းနှင့် ခရီးသည်တင်ယာဉ်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ကာ အပြစ်မဲ့ခရီးသွားပြည်သူ များအား သေဆုံး/ဒဏ်ရာများရရှိစေသူ အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)