ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသားအား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဈေးဝယ်သူ အယောင်ဆောင်၍ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသားအား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဈေးဝယ်သူ အယောင်ဆောင်၍ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား


MNP ၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဘုတလင်မြို့တွင် ဧပြီလ ၂၁ ရက် နေ့က ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသားအား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဈေးဝယ်သူ အယောင်ဆောင်၍ လာရောက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်တွင် ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ရောင်းချသူ   ဦးသောင်းတင်ထွန်း သည် နေအိမ်ဈေးဆိုင်၌ ဈေးရောင်းချနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမား၂ဦး ရောက်ရှိလာကာ ဦးသောင်းတင်ထွန်းအား ဆိုင်ကယ်အင်ဂျင်ဝိုင် ဝယ်ယူချင်ကြောင်း ပြောဆိုကာ ဦးသောင်းတင်ထွန်း မှ ဝယ်ယူချင်သော အင်ဂျင်ဝိုင်အမျိုးအစားအား ထုတ်ယူပြသစဉ် NLD အစွန်းရောက် အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အကြမ်းဖက်သမားများ၏ လုပ်ကြံသတ် ဖြတ်မှုကြောင့် ဦးသောင်းတင်ထွန်း ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလက်ခလယ်ထိပ်ကြေမွဒဏ်ရာ ၁ ချက် ရရှိကာ ဆေးရုံတက်ရောက်ကုသနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

NLD အစွန်းရောက် အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လိုက်လံလုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၂၅၀၀ ကျော် သေဆုံးခဲ့ရသည်။


Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)