ဘုတလင်မြိုနယ်တွင် အုတ်ခဲ၊ ထင်းများ သယ်ဆောင်မောင်းနှင်လာသည့် မော်တော်ယာဉ်မောင်းတစ်ဦးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြိုနယ်တွင် အုတ်ခဲ၊ ထင်းများ သယ်ဆောင်မောင်းနှင်လာသည့် မော်တော်ယာဉ်မောင်းတစ်ဦးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရ



MNP ၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်၊ မောင်းထောင်ကျေးရွာနှင့် ဘုတလင်ကားလမ်းပေါ်တွင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက မော်တော်ယာဉ်မောင်းတစ်ဦးကို NLD အစွန်းရောက် နီပိန်းအကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ဘုတလင်မြိုနယ်၊ ဝက်ရဲကျေးရွာနေ ဦးအောင်ဆန်းဦး (၄၀)နှစ် သည် တစ်ရွာတည်းနေ အမျိုးသားနှစ်ဦးတိုနှင့် အတူ အုတ်ခဲ၊ ထင်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်ဖြင့် ဘုတလင်ကားလမ်းပေါ်တွင် ဖြတ်သန်းမောင်းနှင်နေစဉ် လွှတဲကျေးရွာအနီးအရောက်၌ NLD အစွန်းရောက် နီပိန်းအကြမ်းဖက်သမား ၅ ဦး က မော်တော်ယာဉ်အား တားဆီးကာ ဦးအောင်ဆန်းဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးအောင်ဆန်းဦးမှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက် ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

NLD အစွန်းရောက် နီပိန်းအကြမ်းဖက်သမားများသည် လူမဆန်စွာ ရက်စက်ယုတ်မာမှုများသည် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျှက်ရှိပြီး NLD အစွန်းရောက် နီပိန်းအကြမ်းသမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၂၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)