ပင်လယ်ဘူးမြို့တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရ သောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လယ်ဘူးမြို့တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရ သောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်


MNP ၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်အတွင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တ နေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသ များတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပင်လယ်ဘူးမြို့တွင် NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဉပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရ သောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၀ ၊ ငါးခြောက် ၃ အိတ်၊ ငါးသေတ္တာ ၅ ဖာ၊ ခေါက်ဆွဲခြောက် ၁၄ ဖာ၊ ကြာဇံ ၁၄ ဖာ၊ ကော်ဖီမစ်ထုပ်များနှင့် ဆေးမျိုးစုံ ၁ ဖာတို့အားလည်းကောင်း၊ တိုင်းစစ် ဌာနချုပ်မှ လှူဒါန်းသည့် Royal D ဖာ ၃၀ ၊ ငါးခြောက် ၃၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၄၀ ဖာ၊ ကြက်ဉ ၁၀၀၀ လုံး၊ ငါးပိ ၁၀၀ ထုပ်နှင့် ရေဆူဆေးပြား ၃၀ ဗူးတို့အား လည်းကောင်း ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နေလယ်ပိုင်းတွင် ရွှေဘို မြို့၊ မြို့မဈေးကြီး ဆိုင်ခန်းသစ်များဖွင့်ပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် ရွှေဘိုမြို့၊ မြို့မဈေးကြီးဆိုင်ခန်းသစ်များအား တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆိုင်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)