စစ်ကိုင်းမြို့နယ် မူးသာရွာအနီး တိုက်ပွဲတွင် NLD အစွန်းရောက် အကြမ်းဖက်အလောင်းများနှင့် လက်နက်များရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ် မူးသာရွာအနီး တိုက်ပွဲတွင် NLD အစွန်းရောက် အကြမ်းဖက်အလောင်းများနှင့် လက်နက်များရရှိ



MNP ၊ ဧပြီ ၂၃

စစ်ကိုင်းမြိုနယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးစစ်ကြောင်းကို မူးသာရွာအနီးတွင် NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့က ယနေ့ ဧပြီလ၂၃ ရက်နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သမားအလောင်းများ လက်နက်များသိမ်းမိကြောင်း သိရသည်။


လုံခြုံရေးစစ်ကြောင်းသည် မူးသာရွာအနောက်မြောက်ဖက်အရောက်တွင် အသင့်စောင့်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၇ နာရီအချိန်တွင် အကြမ်းဖက်သမားများသည် မူးသာရွာ၏ တောင်ဘက်တောအတွင်း ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


 ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်မှုမရှိဘဲ NLD အစွန်းရောက် အကြမ်းဖက်သမား အလောင်း (ကျား) လေးလောင်း၊ လက်လုပ်သေနတ်အရှည်လေးလက်၊ လက်လုပ်ပစ္စတိုနှစ်လက်၊ လက်လုပ်စိန်ပြောင်းတစ်လက်၊ ၁၂ ဗို့ကျည် ၅၁ တောင့်၊ မီတာ ၅၀ ဝါယာကြိုးတစ်ခွေတို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)