ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်



MNP - ဧပြီ  ၂၇

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်( Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် လော်စပီကာဖြင့် လှည့်လည်အသိ ပညာပေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ယင်းသို့ အသိပညာပေးဆောက်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အခြားသူများထံသို့သွားရောက် မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ် တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်ဆေးသည့်အခါမှာလည်း တစ်တောင်ဆစ်၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်မကြား၊ လက်သည်းကြားတို့ကို အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် သေချာစွာပွတ်တိုက် ဆေးကြောရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ကြရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့  ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တစ်ခုဖြစ်တဲ့ အိုမီခရွန်(Omicron) ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါအခံရှိတဲ့ သူတွေပိုပြီးတော့ ကူးစက်မှုကလည်း မြန်တဲ့အတွက်ထိုရောဂါလက္ခဏာရှိတဲ့သူတွေ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး လိုက်နာကျင့်သုံးပြီး ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)