ရေစကြိုမြို့နယ်၊ ကံထောင့်ကျေးရွာတွင် PDF အကြမ်းဖက်သောင်းကျန်းသူများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ ကံထောင့်ကျေးရွာတွင် PDF အကြမ်းဖက်သောင်းကျန်းသူများအား ဖမ်းဆီးရမိ






MNP ၊ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံထောင့်ကျေးရွာ၌ PDF အကြမ်းဖက်သောင်းကျန်းသူများအား ယနေ့ ဧပြီ ၂၆ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ ညနေ ၄နာရီခန့်တွင် ရေစကြိုမြိုနယ်၊ ကံထောင့်ကျေးရွာသို  နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲမှ သွားရောက်ရှင်းလင်းစဉ် ကျေးရွာနေ ဖြိုးဇင်ဝင်းသည် မသင်္ကာဖွယ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။


စစ်ဆေးချက်အရ ၎င်းမှာ PDF အကြမ်းဖက်အဖွဲဝင်ဖြစ်ကြောင်း သိရပြီး ၎င်းကို အားပေးကူညီ ထောက်ပံ့ပေးနေသည့် မိဘဖြစ်သူ စောလင်းနှင့် ညိုညိုအေးတိုအား နေအိမ်အနီး ငှက်ပျောတောထဲဝှက်ထားသော လက်လုပ် လက်ပစ်ဗုံးအကြီး  ၄ လုံး၊ ရှော့တိုက်မိုင်းအကြီး  ၅ လုံး၊ ဆပ်ပြာမှုန့် ဗူးလတ်ဖြင့်လုပ်ထားသည့် ရှော့တိုက်မိုင်း ၁ လုံးတို့ နှင့်အတူဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။


မကွေးတိုင်းဒေသကြီးအတွင်း NUG ၊ PDF အကြမ်းဖက်အဖွဲများသည် ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိရာ ယနေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို၊ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း နေ ဇော်ဝင်းထွဋ်နှင့် အဒေါ်ဖြစ်သူ ဒေါ်အေးမွန်မြင့်တို ၂ ဦးအား နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)