စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက် အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက် အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်



သတင်း - ဧပြီ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီး သွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး(ဒုတိယအကြိမ်) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြန်လည် တည်ဆောက်ရေး ဦးစီးကော်မတီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များ အပါအဝင် ပြည်သူများ၏ လူမူစီးပွားဘဝ ပြန်လည်ကောင်းမွန်လာစေရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေနှင့် လမ်းများ ကောင်းမွန်စေရေးကို အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ပြန်လည်တည်ဆောက်ရေးအတွက် တာဝန်ရှိသူများက မြေပြင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ ကျေးရွာပြည်သူများ၏ ဆန္ဒများရယူ၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစီးကော်မတီများမှ တာဝန်ရှိသူများအနေဖြင့်လည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်က ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီများမှ တာဝန်ရှိ သူများက တိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့မှုများကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည် ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခရိုင်တွင် PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် မီးလောင်မှု ၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၇၅၅ စု၊ လူဦးရေ (၄၆၁၇) ဦး တို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ငွေကျပ် ၁၅၇.၉၆၄ သန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၁၉၀.၉၆၄ သန်း စုစုပေါင်းငွေကျပ် ၃၄၈.၉၂၈ သန်းအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာတွင် ၃၀-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် PDF အကြမ်းဖက်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး နေအိမ်များမီးရှို့ ဖျက်စီးခဲ့သဖြင့် စုစုပေါင်းအိမ်ခြေ (၂၂၆) လုံး မီးလောင်ဆုံးရှုံးပျက်စီးခဲ့ရာ အမျိုးသားသဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နေအိမ်တစ်လုံးလျှင် ပေ ၂၀ ပတ်လည်၊ ကြမ်းခင်း ဧရိယာ ၄၀၀ စတုရန်းပေ၊ တန်ဘိုးငွေကျပ် ၁၀ သန်းဖြင့် အဆောက်အဦ (၂၂၆) လုံးအတွက် ငွေကျပ်စုစုပေါင်း  ၂၂၆၀ သန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်များအား ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မကြာမီအချိန်တွင် တက္ကသိုလ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆေးမထိုးနှံ ရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းများ စနစ်တကျပြုစု၍ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ ကာကွယ်ဆေးများ အချိန်မီရောက်ရှိရေးနှင့် ကာကွယ်ဆေးများ သယ်ယူရာတွင် စနစ်တကျပို့ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိဖြင့် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း  ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ဆေးရောက်ရှိမှု၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေး ဆောင်ရွက်နေမှု၊ သတ်မှတ်ကာလအတွင်း ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်နေမှု၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)