ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း သုံးထပ်စာသင်ဆောင်(RC) အဆောက်အဦ တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း သုံးထပ်စာသင်ဆောင်(RC) အဆောက်အဦ တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး

 


MNP - ဧပြီ   ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ သုံးထပ်စာသင်ဆောင်(RC) အဆောက်အဦ တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ခဲ့ရာ ယခုအခါ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၅၆၁.၄၅ သန်းဖြင့် ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း အလျား ၁၉၂ပေ၊ အနံ၃၈ပေ၊ အမြင့် ၃၆ပေရှိသည့် သုံးထပ်စာသင်ဆောင် တစ်ဆောင်(RC) အဆောက်အဦးကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး Kinetic Arts ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါသုံးထပ်စာသင်ဆောင်ရှိ အဆောက်အဦ တစ်ထပ်အတွင်း၌ စာသင်ခန်း လေးခန်းပါရှိပြီး သုံးထပ်ပေါင်း စာသင်ခန်း ၁၂ခန်းပါရှိကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် အလျား ပေ ၄၀၊ အနံပေ ၃၀ရှိပြီး ကျောင်းသား၊ကျောင်းသူ ၁၀၀ဦးအထိ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း  Kinetic Arts ကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်သူလင်းက ပြောသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)