MNP - ဧပြီ ၂၈
စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် ဆင်းသုခမျိုးစပါးများ ဖြန့်ဝေပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်က အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပေးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ကြိုတင်ကြဲပက် စိုက်ပျိုးကြခြင်းအားဖြင့် တောင်သူများ ဓာတ်မြေဩဇာသုံးစွဲမှု လျော့နည်းလာစေပြီး၊ သီးနှံစပါး အရည် အသွေးလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးထင်ကျော်ဦးက မျိုးသန့် စပါး စိုက်ပျိုးထုတ်လုပ်မည့် တောင်သူ(၈၇)ဦးအား ဆင်းသုခနှင့် ပေါ်ဆန်းစပါးကြီးမျိုး (၃၈၀)တင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ (၁၅၀)တင်းတို့အား ဖြန့်ဝေပေးခဲ့ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် ဆင်းသုခ(RS) မျိုးစပါးများအား မြို့နယ်မှ တာဝန်ရှိသူများက မျိုးသန့်မျိုးစေ့ထုတ်လုပ်သော တောင်သူများထံ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment