ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် “Seminar on ASEAN-Korea Culture and Tourism” သို့ အွန်လိုင်းမှ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် “Seminar on ASEAN-Korea Culture and Tourism” သို့ အွန်လိုင်းမှ တက်ရောက်



MNP ၊ ဧပြီ ၂၆

အာဆီယံ - ကိုရီးယားဗဟိုဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကိုရီးယားခရီးသွားလုပ်ငန်း အဖွဲ့နှင့် Travie Magazine တို့မှ ကြီးမှူး၍ “Seminar on ASEAN-Korea Culture and Tourism” ဆွေးနွေးပွဲကို “ဒီဂျစ်တယ် နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ကြံ့ကြံ့ခံ တုံ့ပြန်နိုင်စွမ်းရှိသော ခရီးသွားလုပ်ငန်းများဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။


ဆွေးနွေးပွဲ ပထမနေ့အစီအစဉ်တွင်  အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. KIM Hae-yong က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် အခြားဆက်စပ်သော ကဏ္ဍများထိခိုက်ခံစားခဲ့ရမှု၊ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်လာရန် ကြိုးစားရေးနှင့် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုခြင်းမှတစ်ဆင့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းတည်ထောင်ခြင်းတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။


ယင်းနောက် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. AHN Young-bae က ကြံ့ကြံ့ခံ တုန့်ပြန်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုကာ တည်ဆောက်ရေး၊ အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးပူးပေါင်း ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) ၏ ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ Mr. Sergio Guerreiro က Smart Tourism ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာ၏ အရေးပါမှု၊ OECD အဖွဲ့အစည်း ၏ ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ အကောင်အထည်ဖော်မှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သောအချက်များနှင့် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ အရေးကြီးသော အခန်းကဏ္ဍများ၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချခြင်းကြောင့် ရရှိနိုင်သော အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာနယ်ပယ်ရှိ ပညာရှင်များက ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်း နည်းလမ်းများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို ဖြေရှင်းကျော်လွှားခြင်းဆိုင်ရာ အတွေ့အကြုံများနှင့်  ကြံ့ကြံ့ခံ တုန့်ပြန်နိုင်သော အနာဂတ်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းများ၏ အရေးပါပုံများစသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ရလဒ်များအပေါ် ပြန်လည် သုံးသပ်တင်ပြကြကာ ဆွေးနွေးပွဲ ပထမနေ့ကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့သည်။


ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ယနေ့တွင် ဒီဂျစ်တယ်ခရီးသွားလုပ်ငန်း အလားအလာများနှင့် ဒီဂျစ်တယ် ခရီးသွားဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာ ဘာသာရပ်များကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။


ယခု ဆွေးနွေးပွဲအား ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနှင့် ကိုရီးယား ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Smart Tourism ဆိုင်ရာ မဟာဗျူဟာအစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရေးနှင့် အာဆီယံနှင့် ကိုရီးယား ခရီးသွားလုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာဖြင့် ရေရှည် တည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


ဆွေးနွေးပွဲသို့ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကောလိပ်များ နှင့် သင်တန်းကျောင်းများ၊ အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)