ခရမ်းမြို့နယ်တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) ဆက်လက်ထိုးနှံပေး

 


MNP - ဧပြီ   ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၊ အမှတ်(၂)ရပ်ကွက်၊ သကျမာရိဇိန်သွန်း ဘုရားကြီး၏သာသနာ့ ဗိမာန် တော်ကြီးတွင် ယနေ့နံနက် ၀၉:၀၀ နာရီက  Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး(၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကို  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ကိုယ်အပူချိန်တိုင်းတာပေးပြီး ကျန်မာရေးလမ်းညွှန် ချက်များနှင့်အညီ ယနေ့အထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ   နိုင်ငံဝန်ထမ်းများနှင့် အသက်(၁၈)နှစ်ပြည့်ပြည်သူများ၊ အသက်(၄၀)နှစ်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း နှစ်ကြိမ်အပြည့် ထိုးနှံပြီးသည့် နိုင်ငံဝန်ထမ်းများနှင့် အသက်( ၄၀ ) နှစ်အထက် သက်ကြီးပြည်သူများအား ထပ်ဆောင်း Booster များ ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ် အုပ်စုများ အလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ကိုမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)