မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေး



MNP -  ဧပြီ    ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့နံနက်(၁၀) နာရီအချိန်က  (Sinovac)အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၇) ဦး၊ မ(၅)ဦး  စုစုပေါင်း(၁၂) ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၈ရောဂါ ကာကွယ် ဆေးလာရောက် ထိုးနှံသူ ကျား(၇)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၂၀)ဦးတို့အား မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာဆောင်ဓမ္မာရုံတွင်  တိုက်နယ် ကျန်းမာရေး ဌာနမှ ဆရာမဒေါ်ခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးခဲ့ကြ ပါသည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

သတင်း - မြင့်သွယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)