မိုးနဲမြို့နယ်၌ ကျောင်းသား/ကျောင်းသူများကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကျောင်းသား/ကျောင်းသူများကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 


MNP - ဧပြီ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ကမ္ဘောဇခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဆရာ/ဆရာမများ ပူးပေါင်းကာ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်း သွင်းပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နှာခေါင်းစည်း mask တပ်ဆင်ပြီးမှ လာရောက်စေခြင်း၊ ၆ ပေအကွာတွင် ထိုင်စေခြင်း နှင့် ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေး ဖုံးအုပ်ပြီးမှဆိုးကြပါရန်စသည့် စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ဆေးတစ်လုံးလျှင် ၅ ယောက်နှုန်းဖြင့် မြို့နယ်မြို့နယ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၁၂၉ ဦးခန့်ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့သွားမည်ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ဇင်ကိုကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)