သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်(၆၉)၊ နို့တိုက်မိခင်(၁၁၅၀)ဦး ပေါင်း(၁၂၁၉)ဦးတို့ကို (Sinovac) ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်(၆၉)၊ နို့တိုက်မိခင်(၁၁၅၀)ဦး ပေါင်း(၁၂၁၉)ဦးတို့ကို (Sinovac) ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့

 


MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့်ကြီးကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်ကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်း ကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေး ထိုးနှံပေးလျှက် ရှိရာ ယနေ့ ဧပြီလ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ (Sinovac)ထိုးနှံပေးလျှက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများမှ ကျေးရွာများအရောက် အိမ်အရောက် လှည့်လည် ရှင်းလင်းပြောကြားကြည့်ရှု အားပေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်ဆောင်(၆၉)ဦး၊ နို့တိုက်မိခင်(၁၁၅၀)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် စုစုပေါင်းပြည်သူ(၁၂၁၉)ဦးတို့ကို (Sinovac) ကာကွယ်ဆေး ထိုးနှံပေးနိုင် ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)