မိုင်းငေါ့မြို့တွင် အသက်(၁၅)နှစ်နှင့်(၁၈)နှစ် အထက်သံဃာတော်များ၊ ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့တွင် အသက်(၁၅)နှစ်နှင့်(၁၈)နှစ် အထက်သံဃာတော်များ၊ ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး ထိုးနှံပေး

 




MNP - ဧပြီ    ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းက နာရီအချိန်က  (Sinovac) အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ ဘုန်းကြီးကျောင်များမှ ကာကွယ်ဆေးလာရောက်ထိုးနှံသူ သံဃာတော်(၄၂)ပါးနှင့် ပြည်သူလူထုများမှ ကျား (၄)ဦး၊ မ (၂) ဦး စုစုပေါင်း (၆)ဦးတို့အား မိုင်းငေါ့မြို ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာဆောင်ဓမ္မာရုံတွင် တိုက်နယ်ကျန်းမာရေးဌာနမှ  ဆရာမဒေါ်ခင်မျိုးဦးနှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြပါသည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

သတင်း - မြင့်သွယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)