ရန်ကင်းမြို့နယ်တွင် Siopharn ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် Siopharn ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ



MNP - ဧပြီ   ၂၈

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ များအား Siopharn ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Actra Zeneca)ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများ အလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)